Sexual Knowledge

How To Measure Your Penis Size

by Riddler ® on Oct 28, 2023

How To Measure Your Penis Size

လူတော်တော်များများ လိင်တံကို တိုင်းတာတဲ့အခါ လိင်တံရဲ့ အရင်းမှာ ပေတံလေးကို ဖွဖွလေးထားပြီး တိုင်းတာကြပါတယ် ။ အဲဒါကို Non-Bone Pressed (NBP) လို့ ခေါ်ပါတယ်။  

အဲ့ဒီ တိုင်းတာမှုနည်းလမ်းဟာ အရွယ်အစား ကြီးမားဖို့အတွက် စိတ်ဝင်စားတဲ့သူတွေ အဖို့တော့ တကယ်တမ်း အသုံးမဝင်ပါဘူး။  

အဲ့ဒီနည်းလမ်းအစား Bone Pressed (BP) နည်းလမ်းကိုသာ သုံးသင့်ပါတယ်။ အဲ့လို တိုင်းတာနိုင်မယ့် နည်းလမ်း နှစ်ခုရှိပါတယ် ။ 

Bone pressed (BP) ကို တိုင်းတာခြင်း ရည်ရွယ်ချက်က တိကျတဲ့ အတိုင်းအတာ တစ်ခုကို ဖန်တီးနိုင်ဖို့ပါ။ ဒါကြောင့် သင့်လိင်တံက အမြင့်ဆုံးထောင်မတ်မှု အ‌နေအထားမှာ ရှိနေဖို့ လိုအပ်ပါတယ်။  

ထောင်မတ်မှု အပြည့်အ၀မရှိပဲတိုင်းပါက  အနည်းငယ် ကွဲလွဲသွားတာနဲ့ မတူညီတဲ့ တိုင်းတာမှုတွေကို ဖြစ်စေနိုင်ပါတယ်။

𝗧𝗵𝗲 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗕𝗼𝗻𝗲 𝗣𝗿𝗲𝘀𝘀𝗲𝗱 𝗘𝗿𝗲𝗰𝘁 𝗟𝗲𝗻𝗴𝘁𝗵 (𝗕𝗣𝗘𝗟) 𝗠𝗲𝗮𝘀𝘂𝗿𝗲𝗺𝗲𝗻𝘁

  • ပေတံကို အမြဲတမ်း ပုံသေ တစ်ချောင်းပဲ ထားပြီး တိုင်းပါ။
  • အနည်းဆုံး နှစ်ရက် တစ်ခါ တိုင်းပါ။
  • လိင်တံ ထောင်မတ်မှု ကောင်းမွန်ကြောင်း သေချာပါစေ။
  • မတ်တတ်ရပ်ပါ (သို့) လှဲအိပ်ပြီးတော့ တိုင်းပါ။
  • ဆီးခုံဘက်ကိုတော့ ပြင်းပြင်းထန်ထန်ဖိထားပါ။
  • လိင်တံကို ကိုယ်ခန္ဓာနဲ့  90° တိမ်းစောင်းပြီး တိုင်းထားပါ။
  • နာရီပေါင်းများစွာ ကြာအောင် တိုင်းတာမှုလုပ်ပြီး ပျမ်းမျှရလဒ်ကို အတည်ပြုသတ်မှတ်ပါ။

𝗠𝗲𝗮𝘀𝘂𝗿𝗶𝗻𝗴 𝗚𝗶𝗿𝘁𝗵

လိင်တံရဲ့ လုံးပတ်ကို တိုင်းတာနိုင်ဖို့အတွက် အ၀တ်အစားတွေ တိုင်းတဲ့ ပေကြိုးအပျော့လေးကို သုံးဖို့ လိုပါတယ်။ လိင်တံရဲ့ အလယ်လောက်မှာ ပေကြိုးကို ထားပြီး တိုင်းတာပါ။  

ကြိုးနဲ့တိုင်း ၊ ရတဲ့နေရာ အမှတ်မှတ်ပြီး ၊  ပေတံနဲ့ပြန်တိုင်းလို့ ရနိုင်သော်လည်း ပေကြိုးနဲ့ တိုင်းတာတာကတော့ တိကျမှု ပိုရနိုင်ပါတယ်။

Perfect Erect Girth (EG) ကို တိုင်းတာနိုင်ဖို့အတွက်

  • ပေကြိုး သုံးပါ။
  • အနည်းဆုံး နှစ်ရက် တစ်ခါ တိုင်းပါ။
  • အမြင့်ဆုံး ထောင်မတ်မှု ဖြစ်အောင် လုပ်ပါ။
  • လိင်တံရဲ့ အရင်း ၊ အလယ် ၊ လိင်တံထိပ်ဖူးရဲ့အခြေဘက် ဒီသုံးခုလုံးကိုသေချာ တိုင်းတာပါ ။  
  • နာရီပေါင်းများစွာ တိုင်းတာမှု လုပ်ပြီးမှ ပျမ်းမျှ ရလဒ်ကို ယူပါ။ 
  • တိုင်းတာနေချိန် တစ်လျှောက်မှာ တစ်သမတ်တည်း ရှိရပါမယ် ။
  • လိုက်လျောညီထွေ ဖြစ်ဖို့ လိုအပ်ပါတယ် ။

တိုင်းတာမှုလုပ်ဖို့အတွက် သင့်ရဲ့ Penis Enlargement Exercises (PE) တွေကို၂ရက်ခန့် ရပ်နားထားဖို့လိုအပ်ပါတယ် ။ သင့်ရဲ့ လေ့ကျင့်ခန်း တွေကနေ ကျန်နေခဲ့တဲ့ ယာယီသက်ရောက်မှုတချို့(လက်ယောင်လိုက်ခြင်း)ကြောင့် တိုင်းတာရာမှာ လွဲမှားနိုင်ပါတယ်

တိုင်းတာမှုတွေကို ဓာတ်ပုံရိုက်ယူထားတာလဲ ကောင်းပါတယ် ။  စာနဲ့ မှတ်ထားတာက ကောင်းပေမယ့်လည်း ပြန်ပြီး နှိုင်းယှဉ် ကြည့်နိုင်ဖို့အတွက်ဆိုရင် ကင်မရာနဲ့ ဓာတ်ပုံ ရိုက်ထားတာနဲ့တော့ မတူနိုင်ပါဘူး ။ ဒါကြောင့် ဓာတ်ပုံလည်း ရိုက်ထားလိုက်ပါ ။

ဒီနည်းလမ်းတွေကို အသုံးပြုရင် တကယ်ကောင်းမွန်ပြီး တိကျတဲ့အတိုင်းအတာကို ညိုကီတို့  သိရှိနိုင်မှာ ဖြစ်ပါတယ် ။

Leave a Comment

Your email address will not be published.