Morning Sex:Why Should You Start With A bang 🔥

Morning Sex:Why Should You Start With A bang 🔥

Morning Sex:Why You Should Start A Day With A Bang🔥

မနက်ခင်းနေရောင်ဟာ ပြူတင်းပေါက်ကနေညင်သာစွာ ထိုးဖောင်ဝင်ရောက်ကာ သင့်ရဲ့အခန်းတစ်ဝိုက်ကို နွေးထွေး‌စေခြင်းသည် သင့်တစ်နေ့တာရဲ့ ပထမ‌ဆုံးလိင်ဆက်ဆံခြင်းကို အားအင်ပိုမိုပြည့်စေပါသည်။ မနက်ခင်းလိင်ဆက်ဆံခြင်းသည် သင့်အာရုံကို ပိုမိုစွဲမက်ဖွယ်နှင့် ကျေနပ်ဖွယ်ကောင်းတဲ့ပုံစံနဲ့ နိုးဆွပေးနိုင်ပါတယ်။

The Best Kept Secret

နာမည်ကြီးလိင်မှုဗေဒပညာရှင် Dr. Ruth Westheimer က "သင်ဟာမနက်ခင်းမှာ လိင်ဆက်ဆံရင် တစ်နေ့တာလုံးအတွက် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေကို ခံစားမိလိမ့်မယ်" လို့ပြောခဲ့တယ်။ မနက်ခင်းလိင်ဆက်ဆံခြင်းက သင့်တစ်နေ့တာကို လန်းဆန်းတက်ကြွလာစေရန် ခွန်အားပြည့်ဖျော်ရည်အဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။ 
 
Elevate Moods & Alleviates Stress
လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုက ခန္ဓာကိုယ်ရဲ့ သဘာဝခံစားမှုကောင်းစေတဲ့ ဓာတုပစ္စည်းဖြစ်တဲ့ Endorphins ကိုထုတ်ပေးပါတယ်။ သင့်ရဲ့ချစ်သူ နဲ့ သင့်ကြားမှာ လေးနက်တဲ့ရင်းနှီးမှုရှိလာ‌စေပြီး Endorphins ဟော်မုန်းများတက်လာခြင်းကြောင့် တစ်နေ့တာအတွက် လန်းဆန်းတက်ကြွစေပြီး စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကိုလျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဓာတ်ကျခြင်းကိုဖြေရှင်းရန် သဘာဝနည်းလမ်းတစ်ခုလည်းဖြစ်ပြီး စိတ်ကျန်းမာရေးကိုလည်းမြှင့်တင်ပေးနိုင်ပါတယ်။

Create Stronger Relationship

မနက်ခင်းလိင်ဆက်ဆံခြင်းက သင်နဲ့ partner ကြားက စိတ်ပိုင်းဆိုင်ရာနှောင်ကြိုးကို သိသိသာသာ ခိုင်ခံ့စေနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနှောင်ကြိုးများကိုကျော်လွန်ကာ ချိတ်ဆက်မှုနှင့် ချစ်ခင်တွယ်တာမှုကိုဖန်တီးပေးပြီး တစ်နေ့တာလုံးအတွက်ပိုမိုပွင့်လင်းရိုးသားသော ဆက်သွယ်မှုကို ဖန်တီးပေးနိုင်ပါတယ်။

Enhance Physical Health

မနက်ခင်းလိင်ဆက်ဆံခြင်းဟာ နှလုံးခုန်နှုန်းကိုတိုးမြှင့်ပေးပြီး ကယ်လိုရီ လောင်ကျွမ်းစေတဲ့ပျော်ရွှင်စရာလေ့ကျင့်ခန်းတစ်ခုဖြစ်သည့်အပြင် ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေပါတယ်။ ရောဂါကူးစက်ခြင်းမှကာကွယ်ပေးသည့် ပဋိဇီဝပစ္စည်း IgA ထုတ်လုပ်မှုကိုလည်း တိုးစေပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုကိုလည်း ကောင်းစေပြီးတော့ ကျန်းမာတောက်ပတဲ့အသားအရေကိုလည်း ရရှိစေနိုင်ပါတယ်။

Promote Better Sleep

"Love Hormones" ဟုရည်ညွှန်းကြသော Oxytocin သည် ဆက်ဆံမှုပြီးမြောက်ချိန်အတွင်း အနားယူခြင်းဖြစ်စေပြီး ကောင်းမွန်စွာအိပ်စက်ခြင်းကိုဖြစ်စေပါတယ်။ အိပ်စက်ခြင်းက မနက်ခင်းအတွက် ဆန့်ကျင်ဘက်ဟုထင်ရပေမယ့် တနေ့တာလုံး စိတ်ရွှင်လန်းမှုရှိ‌စေပြီး ညဘက်တွင်‌တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါသည်။

Boost Congitive Function

ဒီအချက်ကအံ့အားသင့်စရာ‌ကောင်းပါတယ် မနက်ခင်းလိင်ဆက်ဆံခြင်းက သင့်ကိုမှတ်ဥာဏ်ပိုကောင်းစေပါတယ်။ လိင်ဆက်ဆံနေစဉ်အတွင်းထွက်လာတဲ့ ဟော်မုန်းနဲ့ Endorphins ကအာရုံကြောကြီးထွားမှုနှင့် ချိတ်ဆက်မှုကိုအားကောင်းစေပြီး မှတ်ဉာဏ်နှင့် အာရုံစူးစိူက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။

Improve Self- Esteem

မနက်ခင်းလိင်ဆက်ဆံခြင်းက မိမိကိုယ်ကို အကောင်းမြင်စိတ်ကိုဖြစ်စေပြီး မိမိကိုယ်ကို တန်ဖိုးထားမှုကိုလည်း တိုးတက်စေပါတယ်။ နေ့တနေ့ကို ချစ်ခြင်းမေတ္တာနဲ့စတင်ခြင်း ကြောင့် စိတ်ရွှင်လန်းတက်ကြွစေကာ အရာရာကို အကောင်းဘက်မှမြင်နေတတ်ပြီး တခြားသူများနဲ့ပေါင်းသင်းဆက်ဆံရေးမှာ အားကောင်းတဲ့အကျိုးသက်ရောက်မှုရှိစေပါတယ်။
မနက်ခင်းလိင်ဆက်ဆံခြင်းသည် တစ်နေ့တာကိုစတင်ဖို့ ခွန်အားဖြစ်စေသောနည်းလမ်း တစ်ခုမျှသာမဟုတ်ပဲ ကိုယ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများလည်း ပေးစွမ်းနိုင်ပါတယ်။ 
Back to blog

2 comments

Hi

Ko Pyae Sone Win

Hi

Ko Pyae Sone Win

Leave a comment

Please note, comments need to be approved before they are published.