No Products in the Cart
တင်ပါးဆုံလေ့ကျင့်ခန်းက လိင်ကျန်းမာရေး အတွက် ဘယ်လောက်ထိ အကျိုးထူးများလဲ
တင်ပါးဆုံလေ့ကျင့်ခန်းလုပ်ရင် ရလာနိုင်မယ့် အကျိုးကျေးဇူးတွေ အရင်ဆုံး အနှစ်ချုပ် ပြောရမယ်ဆို ---
Ø လိင်ဆက်ဆံတဲ့အခါ အချိန်ကြာကြာ လုပ်နိုင်လာမယ် ။
Ø အချိန်မတန်သေးဘဲ သုက်လွှတ်တာမျိုး မဖြစ်တော့ဘူး ။
Ø ဆီးရွှင်ပြီး ကျန်းမာမယ် ။
Ø လိင်တံ သွေးစီးဆင်းမှု တိုးတက်လာမယ်။
Ø သုက်လွှတ်တဲ့အခါ အကွာအဝေး ပိုရောက်လာနိုင်မယ်။
Ø သုက်လွှတ်တာကို ထိန်းနိုင်စွမ်း တိုးလာတာမို့ လိင်ပိုင်းဆိုင်ရာ ခံနိုင်ရည်အား ပိုကောင်းလာစေမယ် ။
Ø လိင်တံ ဖြောင့်စင်းပြီး ယုံကြည်မှု ပိုရှိလာမယ် ။
Ø လိင်တံထဲ သွေးစီးဆင်းမှု ကောင်းလာစေပြီး လိင်တံအရွယ်အစား တိုးလာမယ် ။
ဒီ တင်ပါးဆုံ လေ့ကျင့်ခန်းဟာ လိုက်လုပ်ရတာလဲ အရမ်း လွယ်ပါတယ်။ အချိန် နည်းနည်းပဲ ပေးရပြီးအကျိုးကျေးဇူးလဲ တော်တော် များပါတယ် ။
လက်တွေ့ လေ့လာဆန်းစစ်ခဲ့မှု အထောက်အထားတွေနဲ့ အချက်အလက်တွေကို အောက်မှာ ဆက်ပြီး ဖတ်ရှုလိုက်ပါ ။
𝗟𝗼𝗼𝗸, 𝗡𝗼 𝗛𝗮𝗻𝗱𝘀!
တင်ပါးဆုံ လေ့ကျင့်ခန်းလုပ်ရင် သင့်ရဲ့ biceps, triceps နဲ့ abs တို့လို အရိုးကြွက်သားတွေ ဖြစ်တဲ့ တင်ပါးဆုံတွင်း ကြွက်သားတွေကို အားကောင်းလာစေပါတယ် ။ တင်ပါးဆုံတွင်း ကြွက်သားတွေဟာ လိင်တံအတွင်းပိုင်းရဲ့အရင်းမှာ ရှိတာပါ ။ လိင်တံရဲ့ တ၀က်လောက်ဟာ တကယ်တမ်း ခန္ဓာကိုယ်အတွင်းပိုင်းမှာ ရှိတာ ဖြစ်ပြီး အဲ့တဝက်ကို တင်ပါးဆုံတွင်း ကြွက်သားတွေနဲ့ ဖွဲ့စည်းထားထာ ဖြစ်ပါတယ် ။ ကျန်းမာတဲ့ လိင်တံကို ပိုင်ဆိုင်နိုင်ဖို့ တင်ပါးဆုံတွင်းကြွက်သားတွေ ကျန်းမာနေဖို့ မဖြစ်မနေ လိုအပ်ပါတယ် ။ တင်ပါးဆုံတွင်း ကြွက်သားတွေ အားနည်းရင် လိင်ဆက်ဆံတဲ့အခါ အချိန်ကြာကြာ လုပ်နိုင်စွမ်း အားနည်းပြီး အချိန်မတိုင်သေးဘဲ သုက်လွှတ်တာမျိုးတွေ ဖြစ်စေပါတယ် ။
𝗗𝗲𝗺𝗼𝘁𝗶𝗻𝗴 𝘁𝗵𝗲 𝗣𝗖 𝗠𝘂𝘀𝗰𝗹𝗲
ဒီ တင်ပါးဆုံလေ့ကျင့်ခန်းကို (1940) ခုနှစ်လောက်မှာ အမျိုးသမီး မီးယပ်အထူးကု Arnold Kegel က စပြီး တီထွင်ခဲ့တာပါ ။ အမျိုးသမီးတွေဟာ သူတို့ရဲ့ Pubococcygeus (PC) ကြွက်သားကို ဒီ လေ့ကျင့်ခန်းလုပ်ရင် ပိုကျန်းမာတဲ့ တင်ပါးဆုံတွင်း၊ လိင်အင်္ဂါနဲ့ ပြီးမြောက်မှု အားကောင်းစေတဲ့ ရလဒ်တွေ ရလာစေတယ် လို့ ဒေါက်တာက လေ့လာ တွေ့ရှိခဲ့တာပါ ။
နောက်ထပ် လေ့လာမှုအရ “ယောက်ျားနဲ့မိန်းမ မတူဘူး” လို့ တွေ့ရှိသူ ဘီလ်က ဆိုထားပါတယ် ။အမျိုးသမီးတွေမှာ အဓိက အနေနဲ့ အတွင်းအင်္ဂါတွေ ရှိပြီး အမျိုးသားတွေမှာတော့ မရှိမဖြစ်တဲ့ ပြင်ပ လိင်အင်္ဂါတွေ ရှိပါတယ်။ (PC) ကြွက်သားဟာ လိင်တံအပေါ်နဲ့ နောက်ဘက်မှာ ရှိပြီးတော့ တင်ပါးဆုံတွင်းကို ကျုံ့သွားပါတယ် ။ စအိုလမ်းကြောင်းမှာရှိတဲ့ အဲ့ဒီလုပ်ဆောင်ချက်တွေဟာ လိင်တံအပေါ် ဆွဲအားကို အနည်းငယ် တိုးလာစေနိုင်ပါတယ် ။
အမျိုးသားတွေ တင်ပါးဆုံလေ့ကျင့်ခန်းလုပ်ရင် လိင်ကြွက်သားကို တိုးတက်လာစေရုံသာမက bulbocavernosus “BC” ကြွက်သားနဲ့ ischiocavernosus “IC” ကြွက်သား နှစ်မျိုးလုံးကို သန်မာလာစေပြီး သင့်လိင်တံထဲကို သွေးတွေ ပိုပြီး ပို့ပေးနိုင်ပါတယ်။
The Hardness Factor ရဲ့ ကျော်ကြားတဲ့ စာရေးဆရာ ဒေါက်တာ Steven Lamm က “လိင်တံထဲကို သွေးစီးဆင်းမှု တိုးလာခြင်းဟာ စွမ်းဆောင်ရည်ပိုင်းကို သန်မာလာစေပြီး အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို အားကောင်းစေတယ်" လို့ ဆိုထားပါတယ် ။
𝗛𝗮𝗿𝗱𝗲𝗿 𝗧𝗵𝗮𝗻 𝗩𝗶𝗮𝗴𝗿𝗮?
တင်ပါးဆုံလေ့ကျင့်ခန်းက ဘယ်လောက်ထိ ထိရောက်လဲ။ British Journal of General Practice က ထုတ်ဝေခဲ့တဲ့ မကြာသေးခင်က လေ့လာမှုတစ်ခုအရ တင်ပါးဆုံတွင်း ကြွက်သား ကြံ့ခိုင်မှုမရှိတဲ့ အမျိုးသား ၅၅ ယောက်ကို တင်ပါးဆုံလေ့ကျင့်ခန်းနဲ့ လေ့ကျင့်ပေးခဲ့ပါတယ်။ လေ့လာမှု မစခင်မှာ အမျိုးသားတစ်ယောက်က စက္ကန့် 30 ထက် ပိုပြီး မစွမ်းဆောင်နိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ လေ့လာမှုအပြီးမှာတော့ အမျိုးသား ၄၀ ရာခိုင်နှုန်းဟာ သူတို့ရဲ့ လိင်အင်္ဂါချို့ယွင်းမှုကို အမှန်တကယ် ဖြေရှင်းနိုင်ခဲ့ပြီး အမျိုးသား ၃၅ ရာခိုင်နှုန်းဟာ သိသိသာသာ တိုးတက်မှုကို ပြသနိုင်ခဲ့ပါတယ် ။ ဒီရလဒ်တွေက တကယ့်ကို အံ့သြစရာပါပဲ။
နောက်ထပ် လေ့လာမှုအရ "တင်ပါးဆုံလေ့ကျင့်ခန်း လုပ်တာဟာ တင်ပါးဆုံတွင်း ကြွက်သားတွေကို သန်မာစေရုံမက ခံနိုင်ရည်စွမ်းအားကိုလဲ မြှင့်တင်ပေးနိုင်တယ်” လို့ ဒီလေ့လာမှုရဲ့ ဦးဆောင်သူ သိပ္ပံပညာရှင် ဒေါက်တာ Grace Dorey က ပြောခဲ့ပါတယ် ။ နောက်ထပ်အနေနဲ့ Stronger & Longer စာရေးဆရာ နဲ့ University of West England က ဧည့်ပါမောက္ခ က “အမျိုးသားတွေဟာ ပုံမှန်လိင်ဆက်ဆံမှုဘ၀ကို ဖြတ်သန်းတဲ့အချိန်မှာ လိင်မှုဘဝကို တိုးတက်လာစေဖို့ ဒီလေ့ကျင့်ခန်းတွေ လုပ်သင့်တယ် ။ ဒီသုတေသနက သူတို့ရဲ့ စွမ်းဆောင်ရည်ကို ဒီထက်ပိုပြီး မြှင့်တင်ပေးနိုင်မယ်လို့ အကြံပြုချင်ပါတယ် " လို့ ပြောခဲ့ပါတယ်။
ဂျာမန် ဆီးလမ်းကြောင်းဆိုင်ရာ ပညာရှင်နဲ့ Hamburg University of Men's Health က ပါမောက္ခ ဒေါက်တာ Frank Sommer ဟာ အခြားလေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီလေ့လာမှုမှာ အုပ်စုသုံးစုခွဲထားပြီး အမျိုးသား ၁၂၄ ယောက် ပါဝင်ခဲ့ပါတယ်။ ပထမအုပ်စုက တင်ပါးဆုံတွင်း လေ့ကျင့်ခန်းလုပ်တယ်၊ နောက်တစ်အုပ်စုက Viagra ဆေးသောက်ပြီး နောက်ဆုံး အုပ်စုက placebo ဆေးတွေ သောက်ခဲ့ကြပါတယ် ။ ဒီစမ်းသပ်မှုရဲ့ အဖြေကတော့ တင်ပါးဆုံတွင်း လေ့ကျင့်ခန်းအုပ်စုက ၈၀ ရာခိုင်နှုန်း ၊ Viagra သောက်တဲ့ အုပ်စုက ၇၄ ရာခိုင်နှုန်း နဲ့ placebo အုပ်စုကတော့ ၁၈ ရာခိုင်နှုန်းဆိုပြီး ရလဒ် ထွက်ခဲ့ပါတယ် ။
𝗞𝗲𝗴𝗲𝗹𝘀 𝗛𝗲𝗹𝗽 𝘁𝗵𝗲 𝗣𝗿𝗼𝘀𝘁𝗮𝘁𝗲
The Prostate Health Program မှာ စာရေးဆရာ Daniel W. Nixon, M.D., နဲ့ Max Gomez, Ph.D. တို့က "တင်ပါးဆုံတွင်း ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်တာက ဆီးလမ်းကြောင်းရဲ့ သွေးလည်ပတ်မှုနဲ့ လှုံ့ဆော်မှုကို တိုးလာစေတယ်" လို့ ထောက်ပြထားပါတယ်။ ဒီ တင်ပါးဆုံလေ့ကျင့်ခန်းလုပ်တာဟာ သုက်လွှတ်မှု အားကောင်းလာစေပြီး လိင်တံ နိုးထမှုနဲ့ ထိန်းနိုင်စွမ်းကို ကောင်းမွန်လာစေတယ်" လို့ Gomez နဲ့ Nixon တို့က အတည်ပြု ပြောကြားခဲ့ပါတယ်။
ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ ဒုတိယအဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး အဆုတ်ကင်ဆာပြီးတဲ့နောက်မှာ ရပ်တည်နေတာပါ ။ ခန့်မှန်းခြေအနေနဲ့ အမျိုးသား ဆယ်ယောက်ထဲက တစ်ယောက်လောက်မှာ ဒီ ဆီးကျိတ်ကင်ဆာ ရောဂါကို ရှာဖွေ တွေ့ရှိနေတာပါ ။ ဒါဟာ တကယ် သတင်းဆိုးပါပဲ ။
ဒါကြောင့် ညိုကီတို့အနေနဲ့ တင်ပါးဆုံလေ့ကျင့်ခန်းကို တစ်နေ့မှာ မိနစ်ပိုင်းလောက်ပဲဖြစ်ဖြစ် မဖြစ်မနေ လုပ်ဖို့ တိုက်တွန်းလိုပါတယ် ။ ဒါမှ သက်ရှည်ကျန်းမာပြီး သာယာမှုသုခကို အပြည့်အ၀ ခံစားနိုင်မှာပါ ......